သတင်းများ

ပခုက္ကူမြို့၊ အမှတ် (၁) စည်ပင်သာယာမြို့မဈေးကြီးရှိ ကိတ်နှင့်မုန့်မျိုးစုံ အရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး
Mar 06,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာမြို့မဈေးကြီးရှိ ကိတ်နှင့်မုန့်မျိုးစုံ အရောင်းဆိုင်များအား ယနေ့နံနက် ၉ နာရီခွဲအချိန်က တာဝန်ရှိသူများ ရှောင်တခင်ကွင်းဆင်းစစ်ဆေးကြသည်။
မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Mar 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မတ်လ(၄)ရက်နေ့ နံနက်ပိုင်းက မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုအတွင်းရှိ မယ်ကြုတ်ကျေးရွာ၊ မဟုန်လွယ်ကျေးရွာနှင့် မအို့ကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာဧက (၅၇၂၁) စိုက်ပျိုးပြီးစီး
Mar 06,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာ (၅၇၂၁) ဧက စိုက်ပျိုးပြီးစီးကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြသ
Mar 06,2024
တောင်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 
မောက်မယ်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့မှု(MCCT) ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနား ကျင်းပ
Mar 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူငယ်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃−၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် ဒုတိယအကြိမ်(MCCT) ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ ဆွေးနွေးဟောပြော
Mar 06,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။
ကံမမြို့နယ် ကျွန်းကလေးကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ
Mar 06,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကျွန်းကလေးကျေးရွာ၌ ယနေ့နံနက် (၉) နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။  
မက်မန်းမြို့၌ သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်
Mar 06,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့ခေတ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဝန်ထမ်းတိုင်း နည်းပညာပိုင်းနှင့် သက်ဆိုင်သည့် အတွေးအခေါ်များ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို ယမန်နေ့ မွန်းလွဲအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။