ရန်ကင်းမြို့နယ်၌ အခြေခံကာတွန်းရေးဆွဲနည်းသင်တန်းဖွင့်လှစ်
Mar 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများ အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ ပြည်သူများအသိပညာ ဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ အသိညာပေးလုပ်ငန်းများစွာဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က နွေရာသီကာတွန်းရေးဆွဲနည်းအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။