ကျောက်ဖြူမြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်
Mar 06,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံလူငယ်များအား နွေရာသီကျောင်းပိတ်ရက်ရှည်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံ အားကစားသင်တန်းများကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစတင်ကာ မြို့မအားကစားဘောလုံးကွင်းတွင် အခမဲ့ ဖွင့်လှစ်ပြသလျက်ရှိကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူးထံမှ သိရသည်။