သတင်းများ

Social Media ပေါ်တွင် သတင်းအမှား သတင်းတုများဖြင့် လှုံ့ဆော်ခြင်းများကြောင့် တည်ဆဲဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးဟောပြော
Jan 20,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ Social Media အသုံးပြုသူများအနေဖြင့် Social Media ပေါ်တွင် သတင်းအမှား၊ သတင်းတုများ၊ မြန်မာ့ရိုးရာယဥ်ကျေးမှုနှင့် မကိုက်ညီသော စာသားရုပ်ပုံများနှင့် နိုင်ငံရေးအရ နိုင်ငံတော်နှင့်လူပုဂ္ဂိုလ်များ ထိခိုက်သိက္ခာကျစေရန် လှုံ့ဆော်ခြင်းများအား တည်ဆဲဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးဟောပွဲ အခမ်းအနားကို ယမန်နေ့က ရွာသစ်ရပ်ကွက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ညောင်တုန်းမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ)နှင့် ဆောင်းသီးနှံများစိုက်ပျိုးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု
Jan 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဆီထွက်သီးနှံ(နေကြာ)နှင့် ဆောင်းသီးနှံများစိုက်ပျိုးမှုအခြေအနေများကို ယမန်နေ့နံနက်မွန်းလွဲပိုင်းက မြို့နယ်အတွင်းရှိ သီးနှံစိုက်ပျိုးသည့်ကျေးရွာများအရောက် ကွင်းဆင်းကြည့်ရှုခဲ့သည်။
လူငယ်များဘက်စုံဖွံ့ဖြိုးရေး ဟန်မြင့်မိုရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jan 20,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဟန်မြင့်မိုရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ယမန်နေ့နံနက် (၉) နာရီက အဆိုပါကျောင်း၌ လူငယ်စကားဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၌ အင်္ဂလိပ်စာဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပ
Jan 20,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ အင်္ဂလိပ်စာဘာသာရပ် သင်ကြားနေ သော ဆရာ၊ ဆရာမများ အင်္ဂလိပ်စာဘာသာစွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 20,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွှေချီရပ်ကွက်အတွင်းရှိ (၆) လမ်း တံတားအနီးဝန်းကျင်းနှင့် ငလိုက်ချောင်းတစ်လျှောက်တွင် သန့်ရှင်းသာယာရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များက ချုံနွယ်များ၊ ပေါင်းမြက်များ၊ အမှိုက်များ ရှင်းလင်းခြင်းစသည့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ငလိုက်ချောင်း တစ်လျှောက်အတွင်း အမှိုက်များမပစ်စေရေး၊  အမြဲသန့်ရှင်းသာယာလှပစေရေးကို အလေးထား ဆောင်ရွက်စေလိုကြောင်း၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
အခြေခံပညာမူလတန်လွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးဖြင့် ဆေးဝါးများကုသပေးခြင်း ဆောင်ရွက်
Jan 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ပိတ်စွယ်ကျေးရွာအ.မ.က(မူလွန်)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဆောင်းရာသီကာလတွင် ဖြစ်ပွားတတ်သော ရောဂါများမဖြစ်ပွားစေရေး အသိပညာပေးဟောပြောခြင်းနှင့်ဆေးဝါးကုသပေးခြင်းကို ယမန်နေ့ နေလယ် ၁ နာရီအချိန်က အ.မ.က(မူလွန်)ပိတ်စွယ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့် မီး‌ဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 20,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌အောင်မြို့ အမှတ် (၃) ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီက မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ သိရှိနားလည်စေရန်အတွက် သဘာဝဘေးအန္တရာယ်နှင့် မီး‌ဘေးလုံခြုံရေး၊ မူခင်းကျဆင်းရေးနှင့်ပတ်သက်၍ ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုင်းယန်းမြို့၌ ခရိုင်ပညာရေးမှူးဖလား အသက်(၁၂)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 20,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ခရိုင်ပညာရေးမှူးဖလား အသက်(၁၂)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပသည်။