သတင်းများ

ခိုလမ်မြို့၊ မူလွန်(ဝမ်ဖွီး)ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ခိုလမ်မြို့တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က မူလွန်(ဝမ်ဖွီး) ကျောင်းတွင် ကျင်းပခဲ့သည်။  
ပွင့်ဖြူမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား စနူကာပြိုင်ပွဲ ဆုရရှိသူများကို ဂုဏ်ပြုဆုချီးမြှင့်
Jan 21,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့      ဥက္ကဋ္ဌ ဖလား အမျိုးသား စနူကာပြိုင်ပွဲတွင် (ပထမ ၊ ဒုတိယ ၊ တတိယ) ဆုရရှိသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အ.လ.က (ခွဲ)သင်္ကန်းချောင် ကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 21,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အ.လ.က.ခွဲ သင်္ကန်းချောင် ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီ ပွဲတော်နှင့် ဆုချီးမြှင်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၀ ရက်နံနက်၉နာရီ က. အ.လ.က ခွဲသင်္ကန်းချောင် ကျောင်းခန်းမ၌ ကျင်းပသည်။
ရေတာရှည်မြို့နယ်အတွင်းရှိအခြေခံပညာ အထက်တန်းကျောင်းများသို့ သင်ကြားရေး အထောက် အကူပြုစာရွက်စာတမ်းများနှင့် စာရေးကိရိယာများထောက်ပံ့ပေးအပ်
Jan 21,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့ နယ်အတွင်းရှိ၊ အ‌ခြေခံပညာအ ထက်တန်းကျောင်းများသို့ သင်ကြားရေးအထောက် အကူပြုစာရွက်စာတမ်း များနှင့်စာရေး ကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။    
ချမ်းမြသာစည်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်စနစ် မဲပေးစက် (MEVM)စက် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ ဆန္ဒမဲပေးခြင်းပြုလုပ်
Jan 20,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ် စနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ ဆန္ဒမဲပေးခြင်းအခမ်းအနား ပထမနေ့ကို ယနေ့နံနက် ၉ နာရီက ၈၂ လမ်း၊ အ.ထ.က(၇) ဇမ္ဗူတမ္ပခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရာ၌ အဆင်ပြေစေရေးအတွက် ကောက်ကွက်များအလိုက် အဆောက်အဦအမှတ်စဥ်များ ကွင်းဆင်းဖြည့်သွင်း
Jan 20,2024
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အဆင်ပြေစေရေးအတွက် ကောက်ကွက်များအလိုက် အဆောက်အဦအမှတ်စဥ်များ ထည့်သွင်းခြင်းလုပ်ငန်းကို မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။
ဖြူးမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်
Jan 20,2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းအနေဖြင့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယနေ့ နံနက် (၉) နာရီကစတင်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့မအနောက်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပိုင်ကျုံမြို့ မူ(လွန်)ထန်းတပင်ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ပညာရည်ချွန်ဆုချီးမြှင့်ပွဲ   အခမ်းအနား ကျင်းပ
Jan 20,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ထန်းတပင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာမူ(လွန်) ထန်းတပင်ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။