သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား တက်ရောက်
Jan 20,2024
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မွန်ပြည်နယ် ပညာရေးစုံညီပွဲတော်နှင့် ပြည်နယ်ဂုဏ်ဆောင် ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ကျင်းပရာ ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မွန်ပြည်နယ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
မိုင်းဖြတ်မြို့နယ်၊ အ.ထ.က (မိုင်းဖြတ်) ၌ ​ကျောင်း​ဆောင်သစ်​ဆောက်လုပ်​နေမှုအား ကြည့်ရှုစစ်​ဆေး
Jan 20,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင်များသည် ယမန်​နေ့နံနက်ပိုင်းက အ.ထ.က (မိုင်းဖြတ်) ရှိ ​ကျောင်း​ဆောင်သစ်​ဆောက်လုပ်​နေမှုအား သတ်မှတ်အရည်အ​သွေးပြည့်မှီ​ရေးနှင့် ကြံ့ခိုင်မှုရှိ​စေ​ရေးအတွက် ကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။
ငါန်းဇွန်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 20,2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီက လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်အဆင့် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 20,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပသည်။
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (community centre) ခန်းမ၌ "ခေတ်ကိုပြောင်းကြစို့ " စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်
Jan 20,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူပေါင်း၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားထားသော "ခေတ်ကိုပြောင်းကြစို့" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁ဝ နာရီအချိန်က ပြုလုပ်ခဲ့သည်။
Social Media ပေါ်တွင် သတင်းအမှား သတင်းတုများဖြင့် လှုံ့ဆော်ခြင်းများကြောင့် တည်ဆဲဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးဟောပြော
Jan 20,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ Social Media အသုံးပြုသူများအနေဖြင့် Social Media ပေါ်တွင် သတင်းအမှား၊ သတင်းတုများ၊ မြန်မာ့ရိုးရာယဥ်ကျေးမှုနှင့် မကိုက်ညီသော စာသားရုပ်ပုံများနှင့် နိုင်ငံရေးအရ နိုင်ငံတော်နှင့်လူပုဂ္ဂိုလ်များ ထိခိုက်သိက္ခာကျစေရန် လှုံ့ဆော်ခြင်းများအား တည်ဆဲဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးဟောပွဲ အခမ်းအနားကို ယမန်နေ့က ရွာသစ်ရပ်ကွက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ညောင်တုန်းမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ)နှင့် ဆောင်းသီးနှံများစိုက်ပျိုးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု
Jan 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဆီထွက်သီးနှံ(နေကြာ)နှင့် ဆောင်းသီးနှံများစိုက်ပျိုးမှုအခြေအနေများကို ယမန်နေ့နံနက်မွန်းလွဲပိုင်းက မြို့နယ်အတွင်းရှိ သီးနှံစိုက်ပျိုးသည့်ကျေးရွာများအရောက် ကွင်းဆင်းကြည့်ရှုခဲ့သည်။
လူငယ်များဘက်စုံဖွံ့ဖြိုးရေး ဟန်မြင့်မိုရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jan 20,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဟန်မြင့်မိုရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ယမန်နေ့နံနက် (၉) နာရီက အဆိုပါကျောင်း၌ လူငယ်စကားဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။