သတင်းများ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ သာပေါင်းမြို့နယ်၊ရေကျနောက်စိုက် ဆင်းသုခ စပါးရိတ်သိမ်းပွဲနှင့် ဆောင်းနေကြာ စံပြကွက် စိုက်ပျိုးဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေး
Jan 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ရေကျနောက်စိုက် ဆင်းသုခ စပါးရိတ်သိမ်းပွဲနှင့် ဆောင်းနေကြာ စံပြကွက် စိုက်ပျိုးဖြစ်ထွန်းနေမှုအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ  ယမန်နေ့မွန်းလွဲ ၁၂ နာရီအချိန်က ရောက်ရှိကြည့်ရှု စစ်ဆေးခဲ့ကြသည်။
မြောက်ဥက္ကလာပမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦ မှတ်တမ်းတင်ခြင်း လုပ်ငန်းဆောင်ရွက်
Jan 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အဦးမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်(၈) နာရီ (က)ရပ်ကွက်နှင့် (ဈ) ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။
သာပေါင်းမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ငါးမွေးမြူရန် လုပ်ကိုင်/လုပ်ပိုင်ခွင့်များအား တရားဝင်ရရှိစေရေးအတွက် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများအား ငါးမွေးတောင်သူများနှင့်တွေ့ဆုံ ရှင်းလင်းဆွေးနွေးပွဲ
Jan 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ငါးမွေးတောင်သူများနှင့်တွေ့ဆုံ၍ ငါးမွေးမြူရန်လုပ်ကိုင်/လုပ်ပိုင်ခွင့်များအား တရားဝင်ရရှိစေရေးအတွက် ဥပဒေ၊လုပ်ထုံးလုပ်နည်းများအား ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့၊နံနက် ၁၀ နာရီအချိန်က ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်း လုပ်ငန်းဆောင်ရွက်
Jan 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက်  အဆောက်အဦ မှတ်တမ်း တင်ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၁၆ ရက်နေ့မှ စတင်ဆောင်ရွက် လျက်ရှိကြောင်းသတင်းရရှိသည်။
မံစီမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 21,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် ပညာရေးစုံ ညီပွဲတော်ကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကလောမြို့နယ် ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းကြည့်ရှု
Jan 21,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်၊ကလောမြို့နယ်ရှိကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြန်မာနိုင်ငံစာကြည်တိုက်များ ဖောင်ဒေးရှင်း၊ ရှမ်းပြည်နယ်တာဝန်ခံ၊ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကမ္ဘားနီကျေးရွာရှိ ပညာအလင်းရောင်စာကြည့်တိုက်တွင်ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
နေပြည်တော် ခုတင်(၁၀၀) သင်ကြားရေးတိုင်းရင်းဆေးရုံကြီးမှ ကျန်းမာရေးအသိ ပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်
Jan 21,2024
နေပြည်တော် ခုတင်(၁၀၀) သင်ကြားရေးတိုင်းရင်းဆေးရုံကြီးမှ အဖွဲ့ဝင်(၁၄)ဦးပါဝင်သော ကွင်းဆင်း ကုသရေးအဖွဲ့(၂)သည်  ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆေးကုသရေးအဖွဲ့ ဝေါမြို့နယ်ပြည်သူ့ ဆေးရုံသို့ ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်
Jan 21,2024
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိရေးနှင့် ပြည်သူများစိုက်ထုတ်ကုန်ကျသော ဆေးကုသမှုစရိတ်လျော့နည်း ကျဆင်းစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ အထူးကုသမှုများ Specialty လိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ ကုသမှုများ ရရှိနိုင်စေရေးရည်ရွယ်ကာ ကွင်းဆင်းဆေးကုသမှုများ ဝေါမြို့နယ်ပြည်သူ့ဆေးရုံ၌ ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၊