သတင်းများ

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biometric(UID) ကတ်များ ဆောင်ရွက်ပေးလျက်ရှိ
Jul 29,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biometric(UID)ကတ်များ ဆောင်ရွက်ပေးခြင်းကို ဇူလိုင် ၂၁ ရက်နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
မြို့သစ်တွင် ပလတ်စတစ်အိတ်သုံးစွဲမှု မရှိစေရေးနှင့် အစားထိုး သုံးစွဲနိုင်ရေးဆောင်ရွက်
Jul 29,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ပြည်သူများ ကြွပ်ကြွပ်အိတ်၊ တစ်ခါသုံး ပလတ်စတစ်အိတ်များ လျော့နည်းသုံးစွဲစေရေးအတွက် ပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေရေးနှင့် အစားထိုးသုံးစွဲလိုက်နာ ဆောင်ရွက်မှုရှိစေရေး အသိပညာပေး ကြပ်မတ်စစ်ဆေးခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်" မြို့မဈေးအတွင်း ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သထုံမြို့၌ အခွန်ဆိုင်ရာ အသိပညာပေးဗီနိုင်းများ ချိတ်ဆွဲထားရှိမှု ကွင်းဆင်းစစ်ဆေး
Jul 29,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးဆောင်၍ တာဝန်ရှိသူများ ပူးပေါင်းကာ အခွန်ဆိုင်ရာ အသိပညာပေးဗီနိုင်းများ ချိတ်ဆွဲထားရှိမှုအား ဇူလိုင် ၂၇ ရက်နေ့ နံနက်က လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကျွန်းလှမြို့နယ်၌ မိုးစပါး ဧက ၂၃၀၀၀ ကျော်စိုက်ပျိုးပြီးစီး
Jul 29,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်း စပါးအပြင် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးသီးနီစိုက်ပျိုးရာသီ၌ မိုးစပါး ဧက ၂၃၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့၌ ပလတ်စတစ်အိတ်သုံးစွဲမှုလျော့ချရေးအသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေ
Jul 29,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပြည်သူများ ပလတ်စတစ်အိတ်ကြွပ်ကြွပ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေးအသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များအခမဲ့ဖြန့်ဝေခြင်းကို  ယမန်နေ့ နံနက်က အဆိုပါဈေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။
မော်လမြိုင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ ၅၆ ဒဿမ ၈၂ အောင်ချက်ရာခိုင်နှုန်းဖြင့် ပြည်နယ်အဆင့် ပထမရရှိ
Jul 29,2025
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာပေးလျက်ရှိရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ပညာရေးမှူးရုံးမှလည်း တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာပေးခဲ့ သည်။
သာပေါင်းမြို့နယ် မြေစာရင်းဦးစီးဌာနမှ ၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း(၂)ရက်နေ့ ပထမအကြိမ် သံဃိက သံဃာ့ဒါနအာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူပူဇော်
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်‌နှစ်တိုင်း ဝါတွင်းကာလတစ်လျောက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များကိုလောင်းလှူပူဇော်နေကြ သံဃိက သံဃာ့ဒါနအာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူပူဇော်ပွဲကို ဇူလိုင်လ ၂၆ ရက်၊ ၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း(၂)ရက်နေ့နံနက် ၄ နာရီအချိန်မှ စတင်၍ မြို့နယ်‌မြေစာရင်းဦးစီးဌာနမှ ပထမအကြိမ်အာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူပူဇော်ကြသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကွင်းဆင်းကြည့်ရှု
Jul 29,2025
‎ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ဇူလိုင် ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများကြောင့် ကားလမ်းများရေကျော်ခြင်း၊ တံတားများကျိုးကျပျက်စီးခြင်းနှင့် တောင်ကျရေများစီးဝင်မှုကြောင့် လူနေအိမ်အချို့မျောပါခြင်းများဖြစ်ပေါ်ခဲ့ရာ ထိခိုက်ပျက်စီးမှုများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရ သည်။