သတင်းများ

ကြံခင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အာဟာရကျွေးမွေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Jan 22,2024
ရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေး ဘဏ်တွင် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လာရောက်ထုတ်ယူရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အာဟာရကျွေးမွေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်း ဆောင်ရွက်ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ လူငယ်ရေးရာအားကစားအသိပညာပေးဟောပြောပွဲနှင့် စုပေါင်းကိုယ်ကာယလေ့ကျင့်ခန်းများ ဆောင်ရွက်
Jan 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ထူးချွန်ထက်မြက်သော နိုင်ငံဂုဏ်ဆောင်ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအားကစားအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ကင်မွန်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်နိုင်ငံ့ဝန်ထမ်း ပင်စင်စားများပင်စင်ထုတ်ရာတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အာဟာရကျွေးမွေးခြင်း၊ စားသုံးဆီနှင့်ကြက်ဥများကို စျေးနှုန်းသက်သာစွာ ရောင်းချပေး
Jan 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လာရောက်ထုတ်ယူရာတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ စားသုံးဆီနှင့်ကြက်ဥများကို စျေးနှုန်းသက်သာစွာရောင်းချ ပေးခြင်းနှင့် အာဟာရကျွေးခြင်းတို့အား ယနေ့နံနက်က  မြန်အောင်မြို့ အောင်ဇေယျ အားကစားခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သာယာဝတီမြို့နယ်တွင် လေပြင်းဒဏ်ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များအားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ထောက်ပံ့ပစ္စည်းများပေးအပ်
Jan 22,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စုတွင် ယနေ့နံနက်ပိုင်းနေ့က လေပြင်းဒဏ်ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များ အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့သည်။
မိုးညှင်းမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၁၈၉၂)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ပေး
Jan 22,2024
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ပင်စင်လစာလာရောက်ထုတ်ယူလျက်ရှိသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရကျွေးမွေးခြင်းများကို ယနေ့နံနက် (၈)နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာရောင်းချ
Jan 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ​ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာ ရောင်းချ ပေးခြင်းကို ယနေ့ နံနက် (၈)နာရီက မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။
သံဖြူဇရပ်မြို့၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေး
Jan 22,2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့မှ စတင်ထုတ်ပေးလျက်ရှိပြီး နေ့စဥ်နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထုတ်ပေးလျက်ရှိသည်။
စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ
Jan 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် လူထုအ​​ခြေပြုဗဟိုဌာန Community Centre ၌ ယ​နေ့​နံနက် (၁၁) နာရီက စာအုပ်စာ​စောင် ချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် လူငယ်နှင့်ကြီးပွားရေးစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပကြောင်း သိရသည်။