သတင်းများ

ကျွန်းလှ၌ ဆောင်းကုလားပဲစိုက်ခင်းအတွင်း ယူရီးယားနှင့် လက်ချားရောစပ်အသုံးပြုနည်း ကွင်းသရုပ်ပြ
Jan 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရန်အတွက် ယူရီးယားနှင့် လက်ချားရောစပ်အသုံးပြုနည်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၈)နာရီခွဲက မကျည်းအင်းကျေးရွာ၊ ကွင်းအမှတ်(၂၉၁) တောင်သူဦးမောင်ဝင်း၏ ကုလားပဲစိုက်ခင်း (၅) ဧက၌ ကျင်းပကြောင်း သိရသည်။
ရွှေကျင်မြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 23,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ပွဲကုန်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် ကျင်းပခဲ့သည်။
ဒေးဒရဲမြို့နယ်၌ ပြည်သူများယာဥ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Jan 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ယာဥ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီကစတင်၍ မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာနေရာများနှင့် ယာဥ်သွားလာမှု များပြားသောနေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေဘိုမြို့၌ နိုင်ငံ​တော်သြဝါဒါစရိယ ဘဒ္ဒန္တလာဘသာမိ၏ အန္တိမအဂ္ဂိစျာပနသာဓုကိဠဏသဘင် ကျင်းပ
Jan 23,2024
စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုမြို့အမှတ်(၃)ရပ်ကွက်၊ မဟာဝိသုတာရာမ အသင်း​ကျောင်းတိုက် ဦးစီးပဓာနနာယက၊ နိုင်ငံ​တော်သြဝါဒါစရိယ ဘဒ္ဒန္တလာဘသာမိ (ဂန္တဝါစကပဏ္ဍိတ) သက်​တော် (၈၉)နှစ်၊ သိက္ခာ(၆၉)ဝါရှိ မဟာ​ထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိစျာပနသာဓုကိဠဏသဘင်ကို အဆိုပါ​ကျောင်း၌ ယ​နေ့​ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ မဟနဆရာ​တော်အမှူးပြု​သော သံဃာ​တော်များ၊ တပည့်ရဟန်းသံဃာ​တော်များ၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊​ဆွေ​တော်မျိုး​တော်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများ တက်​ရောက်ခဲ့သည်။
မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာ (စာထားကွင်း) ဆီထွက်သီးနှံ လယ်ယာကုန်ထုတ်လမ်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Jan 23,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ဘဏ္ဍာရေးနှစ်၌ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော နန့်လှိုင်ကျေးရွာ (စာထားကွင်း) ဆီထွက်သီးနှံ လယ်ယာကုန်ထုတ်လမ်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နံနက်(၁၀)နာရီက တာဝန်ရှိသူများမှ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ထူးကျေးရွာ၌ လယ်မြေဧက ၇၅၀ အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု ၉၀ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်
Jan 23,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ထူးကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁ မိုင် ၇ ဒသမ ၉ ဖာလုံအား ကျေးလက်ကုန်ထုတ်လမ်းအဖြစ် အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၀ ရာခိုင်နှုန်းခန့်ဖောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုများ ချီးမြှင့်ပွဲကျင်းပ
Jan 23,2024
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က တံတားဦးမြို့ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့ အမှတ်(၁၄) အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန် မြင့်မားရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jan 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁၄) အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့နံနက် (၁၀) နာရီက ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြင့်မားရေး ကျောင်းစာအပြင် အသိပညာ ဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာဖတ်ရှိန် မြင့်မားရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။