သတင်းများ

ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းများပေး
Jan 24,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံ ပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက် မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းနှင့် သာသနာရေးဦးစီးဌာနရုံးသို့ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က(၇)မှ ကျောင်းသား/သူ ၁၄၀ ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး
Jan 24,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်လတ်နှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
သာယာဝတီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေး
Jan 24,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အ.မ.က ဂွေးချောင်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
စလင်းမြို့ တည်ဘိုကန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Jan 24,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ဇန်နဝါရီ(၂၄)ရက် နံနက်(၉)နာရီ၁၅အချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို တည်ဘိုကန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပန်းတောင်းမြို့နယ်တွင် ဆင်းရွှေကြာ (၂) နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jan 24,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူအများစုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ယခုနှစ်ဆောင်းရာသီ၌ ဒေသတွင်းစားသုံးဆီဖူလုံရန်နှင့် ပိုလျှံစွာဆီစားသုံးနိုင်ရေး အတွက် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ဆင်းရွှေကြာ(၂) နေကြာမျိုးများ စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ထောက်ရှာတန်းကျေးရွာရှိ နေကြာစိုက်တောင်သူများဖြစ်သော ဦးသိန်းထိုက်၊ ဦးသန်းစိန်၊ ဦးဝင်းနိုင်ဦးနှင့် ဦးမင်းမင်းနိုင်တို့ထံမှ သိရသည်။
အောက္ကဘာ (အ.ထ.က - ခွဲ) ကျောင်းတွင် လူငယ်အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်
Jan 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် ပိုင်း အချိန်က အောက္ကဘာကျေးရွာ၊ အောက္ကဘာ (အ.ထ.က-ခွဲ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ကြံခင်းမြို့နယ် အခြေခံပညာအလယ်တန်း (စပါးအိုး) ကျောင်းတွင်  ရပ်ရွာအခြေပြု လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ
Jan 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အခြေခံပညာအလယ်တန်း (စပါးအိုး) ကျောင်းတွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်သည်။
မြန်အောင်မြို့ အ.ထ.က(၁) ၌ ကလေးသူငယ်များ သဘာဝဘေးအန္တရာယ် လျော့နည်း ကျဆင်းစေရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး (IZal Kaeru Caravan) အသိပညာပေး ကစားခြင်းများ ဆောင် ရွက်
Jan 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အ.ထ.က (၁) တွင် မြန်အောင်ခရိုင်မီးသတ်ဦးစီးမှူးရုံးက ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့နည်းကျဆင်းစေရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး (IZal Kaeru Caravan) အသိပညာပေးအစီအစဥ်များကို ယနေ့နံနက်က ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။