မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်နိုင်ငံ့ဝန်ထမ်း ပင်စင်စားများပင်စင်ထုတ်ရာတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အာဟာရကျွေးမွေးခြင်း၊ စားသုံးဆီနှင့်ကြက်ဥများကို စျေးနှုန်းသက်သာစွာ ရောင်းချပေး

မြန်အောင်   ဇန်နဝါရီ   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လာရောက်ထုတ်ယူရာတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ စားသုံးဆီနှင့်ကြက်ဥများကို စျေးနှုန်းသက်သာစွာရောင်းချ ပေးခြင်းနှင့် အာဟာရကျွေးခြင်းတို့အား ယနေ့နံနက်က  မြန်အောင်မြို့ အောင်ဇေယျ အားကစားခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

နိုင်ငံ့ဝန်ထမ်းပင်စင်စားများ မြန်အောင်မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်ထုတ်ယူရာတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ကျော်၊ ခရိုင်လဝက ဦးစီးမှူးဦးတင်မြိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းတို့က နိုင်ငံ့ဝန်ထမ်းပင်စားများ ပင်စင်ငွေထုတ်ယူမှု၊ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှု၊ အာဟာရကျွေးမွေးခြင်းနှင့် စားသုံးဆီနှင့်ကြက်ဥစျေးနှုန်း သက်သာစွာရောင်းချ ပေးနေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။ 

နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လာရောက်ထုတ်ယူရာတွင် သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေး ချိုစစ်ဆေးခြင်း၊ ကိုဗစ်ကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေးခြင်း၊ တိုင်းရင်းဆေးဝါးများဖြင့် ကုသပေး ခြင်းတို့အား မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေး ကုဌာနဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်လူမှုဝန် ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ ပင်စင်လာရောက် ထုတ်ယူရာတွင် အာဟာရ တိုက်ကျွေးပြီး ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)