သတင်းများ

ကျောက်တံခါးမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး
Jan 22,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၉ နာရီ အချိန်မှစ၍ မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။
တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြင်ပြောနှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Jan 22,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြင်ပြောနှင့် ကဗျာရွတ်ပြိုင်ပွဲကို တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အင်္ဂပူမြို့နယ် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုနှင့်အာဟာရ ကျွေးမွေးခြင်း၊ ကြက်ဥနှင့်စားသုံးဆီများ‌ ဈေးနှုန်းချိုသာစွာရောင်းချ‌ပေး
Jan 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ စီမံမှုဖြင့်မြို့နယ် ကုသရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှု (အခမဲ့) ဆောင်ရွက်ပေးခြင်း၊ အာဟာရ‌ကျွေးမွေးခြင်း၊ ကြက်ဥနှင့် စားသုံးဆီများ ဈေးနှုန်းချိုသာစွာ‌ ရောင်းချပေးခြင်းကို ယနေ့နံနက် (၇)နာရီမှ စတင်ပြီး မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးခဲ့သည်။
ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး
Jan 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၁၀) နာရီခွဲအချိန်က ဗိုလ်တထောင်မြို့နယ် အမှတ် (၆) အခြေခံပညာ မူလတန်းကျောင်းသို့ ကျောင်းသား ကျောင်းသူများ ကျောင်းစာအပြင်၊ အပြင်စာများဗဟုသတရရှိမည့် စာအုပ်များ၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ပုံပြင်စာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ ဗဟုသုတရစေမည့် သုတစာအုပ်များအား လက်ဝယ်အရောက် အခမဲ့ငှားပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်၌ မွေးကင်းစမှ အသက်ငါးနှစ်​အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများတိုက်‌ကျွေးထိုးနှံပေးလျှက်ရှိ
Jan 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ မွေးကင်းစမှ အသက်ငါးနှစ်အောက်အရွယ်ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ တိုက်‌ကျွေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက ကမာရွတ်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ က​လေးငယ်များကို ကာကွယ်‌ဆေးတိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြိတ်မြို့၌ ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား ဆန်၊ ဆီနှင့် အခြေခံစားကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးပြီး အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေး
Jan 22,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပင်စင်လစာထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ဝင်း၌ ဆန်၊ ဆီနှင့် အခြေခံစားကုန်ကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးပြီး အခမဲ့ ကျန်းမာရေးဆေးစစ် ကုသပေးခဲ့ကြသည်။
လပွတ္တာမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်ထုတ်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ထမင်းကျွေးမွေး ခြင်း၊ ဆန်နှင့်စားသုံးဆီများကို လှူဒါန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jan 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် လပွတ္တာမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင် လာရောက် ထုတ်ယူရာတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်စားသုံးဆီများကို လှူဒါန်းပေးခြင်းတို့အား ယနေ့နံနက်ပိုင်းက လပွတ္တာမြို့ ၊ အမှတ်(၄)ရပ်ကွက်၊ ကုန်သည်လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့၌ ပင်စင်လစာလာရောက်ထုတ်ယူသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အဘိုးအဘွားများ အား ကျန်းမာရေးစောင့်ရှောက်ဝန်ဆောင်မှုပေးခြင်းဆောင်ရွက်
Jan 22,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် ပင်စင်လစာလာရောက်ထုတ်ယူသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရ ကျွေးမွေးခြင်းများကို ဇန်နဝါရီ(၂၂)ရက် နံနက်(၇)နာရီတွင်ဆောင်ရွက်သည်။