သာယာဝတီမြို့နယ်တွင် လေပြင်းဒဏ်ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များအားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ထောက်ပံ့ပစ္စည်းများပေးအပ်

သာယာဝတီ ဇန်နဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စုတွင် ယနေ့နံနက်ပိုင်းနေ့က လေပြင်းဒဏ်ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များ အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့သည်။

ယင်းသို့ ထောက်ပံ့ပေးအပ်ခြင်းကိုမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စု (၆)အုပ်စုရှိ အိမ်ခြေ (၅၀၀) အတွက် ဝါး၊ ထရံ၊ သံ၊သွပ်နန်းကြိုးများအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)