သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jan 22,2024
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ လျက်ယနေ့နံနက်ပိုင်းတွင်ထားဝယ်မြို့၊ ကမြောကင်းတံတားချဉ်းကပ်လမ်းပေါ်ရှိ ကျောက်စီရေမြောင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေး
Jan 22,2024
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဇန်နဝါရီလအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် ၅ နာရီခွဲအချိန်က ဘဏ်ဝန်ထမ်းများမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ   လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် စီစဥ်ဆောင်ရွက်ကာ စနစ်တကျထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ရေဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူလျက်ရှိသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး
Jan 22,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ ထုတ်ယူလျက်ရှိသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း​များအား ယနေ့နံနက် ၉ နာရီက ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ကျွန်းစုမြို့တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေး
Jan 22,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်အရ ကျွန်းစုမြို့နယ်တွင် ပင်စင်လစာခံစားနေသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ယနေ့နံနက်ပိုင်းမှ စတင်၍ မြန်မာ့စီးပွားရေး ဘဏ်အတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ “ပလပ်စတစ်အန္တရာယ် ဒို့ကာကွယ်” အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 22,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ “ပလပ်စတစ်အန္တရာယ် ဒို့ကာကွယ်” အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာမူလွန်ကျောင်း အမှတ်-၄တွင် ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူးလိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jan 22,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၌ ဒေသတွင်းလူငယ်ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွန်းထွန်းလာစေရန် မင်းဘူးဒေသ ဘောလုံးအားကစားဝါသနာရှင်များပူးပေါင်းပြီး ကြီးမှူးကျင်းပသော ၂၀၂၃-၂၀၂၄ ခုနှစ်၊ မင်းဘူးလိဂ်အမှတ်ပေးအမျိုးသားဘောလုံးပြိုင်ပွဲပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် (ယမန်နေ့) မွန်းလွဲပိုင်းက မင်းဘူးခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ ရတနာပုံတက္ကသိုလ်အားကစားခန်းမ၌ ကျင်းပ
Jan 22,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ထန်းတောကျေးရွာအနီးရှိ ရတနာပုံတက္ကသိုလ်၊ အားကစားခန်းမတွင် ယနေ့နံနက်ပိုင်းက တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူ များဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး
Jan 22,2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ ယနေ့နံနက် ၇ နာရီတွင် စတင်ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။