ဒေးဒရဲ ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ထူးချွန်ထက်မြက်သော နိုင်ငံဂုဏ်ဆောင်ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအားကစားအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ကင်မွန်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးတင်မျိုးလွင်က မြိုနယ်အတွင်းရှိအခြေခံပညာအထက်တန်းကျောင်းများက ထူးချွန်ထက်မြက်သော အားကစားသမားပေါ်ထွန်းလာစေရေး ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ပေးနေမှုများ၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ အားကစားနှင့်ပတ်သက်၍ လူငယ်များ သိထားရမည့်အချက်များကို ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်တာဝန်ရှိသူများထံသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာဖွံ့ဖြိုးရေး၊ ကျန်းမာကြံ့ခိုင်စေရေးအတွက် ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း