ဒေးဒရဲ ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အခြေခံ စားသောက်ကုန်များအား စျေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ယနေ့ နံနက် (၈)နာရီက မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် တာဝန်ရှိသူများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေ ထုတ်ယူလျက်ရှိသည့် အငြိမ်းစားဝန်ထမ်းများအား တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပြီး အငြိမ်းစားဝန်ထမ်းများအား နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါ စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာစစ်ဆေးပေးခြင်း၊ အထွေထွေရောဂါ စမ်းသပ်စစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် နိုင်ငံဝန်ထမ်း အငြိမ်းစားဝန်ထမ်းများအား လစဉ် (၂၁)ရက်နေ့က စတင်၍ ပင်စင်လစာငွေများကို စတင်ထုတ်ပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ပင်စင်စားဦးရေ စုစုပေါင်း (၉၈၀)ဦးအား ဘဏ်လုပ်ငန်းချိန်အတွင်း နာမကျန်းသူများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း