သတင်းများ

သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး
Feb 14,2024
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း ဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားဝန်ထမ်းများအား အခမဲ့ စစ်ဆေးပေးလျက်ရှိပြီး ယနေ့နံနက်(၉:၃၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင် သားသတ်လိုင်စင်(၂)ခုအား (ဈေးပြိုင်) စနစ်ဖြင့် လေလံတင်ရောင်းချ       
Feb 14,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင် သားသတ်လိုင်စင်(၂)ခုအား (ဈေးပြိုင်)စနစ်ဖြင့် လေလံတင်ရောင်းချခြင်းကို ယမန်နေ့နံနက် ၁၀နာရီ အချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။
ကျောက်ဖြူမြို့တွင် (အဋ္ဌမအကြိမ်မြောက်) ရက္ခပူရသာသနာလင်္ကာရ စာမေးပွဲ ကျင်းပပြုလုပ်
Feb 14,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ယပ်လှဲကျောင်း ပရိယတ္တိစာသင်တိုက်တွင် (အဋ္ဌမအကြိမ်မြောက်) ရက္ခပူရသာသနာလင်္ကာရ စာမေးပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ အဆိုပါကျောင်းတိုက်တွင် ပြုလုပ်ကျင်းပလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီးမှ စာဖြေသံဃာတော်များမှ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
နောင်ချိုမြို့၌ မြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၅၅၀၀ ကြိမ်မြောက် အရုဏ်ဆွမ်း လောင်းလှူ
Feb 14,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့၌ မြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၅၅၀၀)ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးရေး ဒေသခံပြည်သူများ အသိပညာပေးဆောင်ရွက်
Feb 14,2024
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးရေး အသိပညာပေးလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက ဆိပ်ဖြူမြို့ ပတ္တမြားဈေး၌ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို ဆောင်ရွက်သည်။
ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်း ကျင်းပ
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) Meeting Room ခန်းမ၌ စာရေးဆရာ ရဲမြင့် (စွန့်ဦးတီထွင်) ရေးသားသည့် "ကိုယ်ကျင့်တရား"စာအုပ်ဖြင့် ယမန်နေ့နံနက် (၁၁)နာရီက စာဖတ်ဝိုင်း‌ ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေး
Feb 14,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
နတ်မောက်မြို့၌ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် အများပြည်သူများ လာရောက်ကြည့်ရှု
Feb 14,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်နေအိမ်ပြတိုက်တွင် ယမန်နေ့က ရပ်နီးရပ်ဝေးရှိ ပြည်သူများ လာရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။