ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်း ကျင်းပ

ပန်းတနော် ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) Meeting Room ခန်းမ၌ စာရေးဆရာ ရဲမြင့် (စွန့်ဦးတီထွင်) ရေးသားသည့်  "ကိုယ်ကျင့်တရား"စာအုပ်ဖြင့် ယမန်နေ့နံနက် (၁၁)နာရီက စာဖတ်ဝိုင်း‌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကိုကိုမောင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် (Youth Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ရဲမြင့် (စွန့်ဦးတီထွင်) ရေးသားသည့်  "ကိုယ်ကျင့်တရား" စာအုပ်ပါ အကြောင်းအရာများဖြစ်သည့် စီးပွားရေး ကိုယ်ကျင့်တရားတွေ ဘာဖြစ်ကုန်ပြီလဲ၊ ဒီစည်းမျဥ်းကို ရွှေလိုတန်ဖိုးထားရတဲ့အကြောင်း၊ ရွှေစည်းမျဥ်းက ခင်ဗျာနဲ့စတယ်၊ ရွှေစည်းမျဥ်းကို မှေးမှိန်ညစ်နွမ်းစေနိုင်တဲ့ အကြောင်းတရားငါးခု စသည့်အကြောင်းအရာများအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)