ကျောက်ဖြူမြို့တွင် (အဋ္ဌမအကြိမ်မြောက်) ရက္ခပူရသာသနာလင်္ကာရ စာမေးပွဲ ကျင်းပပြုလုပ်

ကျောက်ဖြူ   ဖေဖော်ဝါရီ ၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ယပ်လှဲကျောင်း ပရိယတ္တိစာသင်တိုက်တွင် (အဋ္ဌမအကြိမ်မြောက်)  ရက္ခပူရသာသနာလင်္ကာရ စာမေးပွဲကို  ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ အဆိုပါကျောင်းတိုက်တွင် ပြုလုပ်ကျင်းပလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီးမှ စာဖြေသံဃာတော်များမှ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

အဆိုပါစာမေးပွဲ၌ မူလတန်းတွင် စာ‌ဖြေသံဃာတော် ၄၀ ပါး၊ ဥပစာတန်းတွင် စာ‌ဖြေသံဃာတော် ၆ ပါး၊ စုစုပေါင်း စာဖြေသံဃာတော် ၄၆ ပါးတို့မှ ဝင်ရောက် ဖြေဆိုလျက်ရှိကာ မူလတန်းပထမနေ့တွင် ရုပ်ပုံရှင်ကျင့်ဝတ်ကိုလည်းကောင်း၊ ဒုတိယနေ့တွင် ရတနာ့ဂုဏ်ရည်ဘာသာရပ်ကိုလည်းကောင်း၊ တတိယနေ့တွင် သဒ္ဒါဘာသာရပ်ကိုလည်းကောင်း ဖြေဆိုမည်ဖြစ်ပြီး ဥပစာတန်းပထမနေ့တွင် သဒ္ဒါဘာသာရပ်၊ ဒုတိယနေ့တွင် သင်္ဂဟဘာသာရပ်နှင့် တတိယနေ့တွင် ဓမ္မပဒဘာသာရပ်အားလည်းကောင်း ဖြေဆိုရမည်ဖြစ်သည်။ အဆိုပါစာမေးပွဲကို ဖေဖော်ဝါရီလ(၁၂) ရက်နေ့မှ (၁၄)ရက်နေ့အထိ (၃)ရက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)