သတင်းများ

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (၉၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Feb 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် (၇၇) နှစ်မြောက် အထိမ်းအမှတ် (၉၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေ (၃) နာရီက အမှတ် (၉၃) ရပ်ကွက်၊ ဗေဒါလမ်းနှင့် စိမ်းလဲ့ကန်သာလမ်းရှိ အုပ်ချုပ်ရေးမှူးရုံးရှေ့ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
သာစည်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေပြီး တပ်ဖွဲ့ဝင်များ စွမ်းရည်ပိုမိုမြင့်မားရေးကိုလည်း လေ့ကျင့်ပေးလျက်ရှိ
Feb 14,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး တပ်ဖွဲ့ဝင်များ၏ စွမ်းရည်ပိုမိုမြင့်မားရေးအတွက်လည်း နေ့စဉ်လေ့ကျင့်ပေးလျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးဦးထွန်းထွန်းဝင်းထံက သိရသည်။
သာစည်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေပြီး တပ်ဖွဲ့ဝင်များ စွမ်းရည်ပိုမိုမြင့်မားရေးကိုလည်း လေ့ကျင့်ပေးလျက်ရှိ
Feb 14,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး တပ်ဖွဲ့ဝင်များ၏ စွမ်းရည်ပိုမိုမြင့်မားရေးအတွက်လည်း နေ့စဉ်လေ့ကျင့်ပေးလျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးဦးထွန်းထွန်းဝင်းထံက သိရသည်။
လပွတ္တာ​မြို့နယ်တွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အသိပညာပေး​​ဟောပြောပွဲကျင်းပ
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ (၃)မိုင်မြို့သစ်၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အသိပညာပေး​​ဟောပြောပွဲကို ယမန်နေ့ နေလယ်ပိုင်းက လူငယ်အားမာန် သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လက်ပံတန်းမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Feb 14,2024
ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးသတိမူရေး၊ အသိပေးနှိုးဆော်ခြင်းနှင့် လိုက်လံစစ်ဆေးဆောင်ရွက်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ခန္တီးမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားပြုလုပ်
Feb 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုကြို ဆိုသောအနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားအား ယမန်နေ့က မြို့နယ်ပြည်သူ့ အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
(၇၇) နှစ်မြောက် ပြည်ထောင်နေ့အထိမ်းအမှတ် (အလွတ်တန်း) အမျိုးသားဂိုးလတ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ့အခမ်းအနားကျင်းပ
Feb 14,2024
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၄-ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ် (အလွတ်တန်း) အမျိုးသား ဂိုးလတ်ဘောလုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ဘုရင့်နောင်အားကစားကွင်း၌ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့တွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း၊ Biometric အချက်အလက်များ စာရင်းကောက်ဆောင်ရွက်ရာတွင် စက်ရုံ/အလုပ်ရုံ ကုမ္ပဏီဝန်ထမ်းများ ပြုလုပ်နိုင်ရေးရှင်းလင်း
Feb 14,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးပြည့်ဝစွာ ရရှိနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ၊ Biometric အချက်အလက်များစာရင်းများကို ကွင်းဆင်းကောက်ယူရာတွင် မြိတ်မြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံ ကုမ္ပဏီ ဝန်ထမ်းများ ပြုလုပ်နိုင်ရေးအတွက် ယမန်နေ့က မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင် ရှင်းလင်းဆွေးနွေးခဲ့သည်။