နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင် သားသတ်လိုင်စင်(၂)ခုအား (ဈေးပြိုင်) စနစ်ဖြင့် လေလံတင်ရောင်းချ       

 နတ်မောက် ဖေဖော်ဝါရီ ၁၄ 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင် သားသတ်လိုင်စင်(၂)ခုအား (ဈေးပြိုင်)စနစ်ဖြင့် လေလံတင်ရောင်းချခြင်းကို ယမန်နေ့နံနက် ၁၀နာရီ အချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံ/တင်ဒါရောင်းချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်လေလံ/ တင်ဒါစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များအား(ဈေးပြိုင်)စနစ်ဖြင့် လေလံတင်ရောင်းချရာ သားသတ်လိုင်စင်(၂)ခုအား (ဈေးပြိုင်)စနစ်ဖြင့်  ရောင်းချခဲ့ကြောင်း သိရသည်။

လှဝင်း