နောင်ချိုမြို့၌ မြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၅၅၀၀ ကြိမ်မြောက် အရုဏ်ဆွမ်း လောင်းလှူ

နောင်ချို ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့၌ မြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၅၅၀၀)ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်းကို ၁၆.၈.၂၀၀၆ တွင် စတင်တည်ထောင်ခဲ့ပြီး မြို့တွင်း ဘုန်းတော်ကြီးကျောင်းရှစ်ကျောင်းမှ သံဃာတော်အပါး တစ်ရာကျော်အား အရုဏ်ဆွမ်းများ နေ့စဉ်မပြတ် လောင်းလှူလျက်ရှိကာ ၂၀၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် အကြိမ်ရေ (၅၅၀၀)ကြိမ်အဖြစ် မြို့နယ်အတွင်းရှိ အလှူရှင်များမှ လောင်းလှူခဲ့ကြသည်။

အဆိုပါ အရုဏ်ဆွမ်းလောင်းလှူသည့် သံဃဒါနဆွမ်းလောင်းအသင်းသို့ နောင်ချိုမြို့နယ်သူ၊ မြို့နယ်သားများမှ နေ့စဉ်မပြတ် မိမိတို့အစီအစဉ်ဖြင့် လာရောက်လောင်းလှူမှုများရှိသည့်အပြင် ရပ်နီး၊ ရပ်ဝေးမှ လှူဒါန်းလိုသူများမှလည်း ပင်မအလှူရှင်အဖြစ် တစ်ရက်တာ အရုဏ်ဆွမ်းအတွက် အလှူငွေကျပ် တစ်သိန်းတိတိ လှူဒါန်းလျက်ရှိကြောင်း၊ ပင်မအလှူရှင်မရှိသည့် နေ့များတွင် သံဒါနဆွမ်းလောင်းအသင်းမှ လောင်းလှူလျက်ရှိကြောင်း ဆွမ်းလောင်းအသင်းထံမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)