သတင်းများ

မိုင်းခုတ်မြို့၌ ဌာနဆိုင်ရာရုံးများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး
Feb 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ကလေးများနေ့အထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများနှင့် ဆုပေးပွဲများပြုလုပ်
Feb 14,2024
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင်ကျရောက်သည့် မြန်မာနိုင်ငံကလေးများအထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကော့သောင်းမူလတန်းကြိုကျောင်းတွင် ကျင်းပခဲ့သည်။
မိုင်းခုတ်မြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လှည့်လည်နှိုးဆော်
Feb 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၈) နာရီခွဲအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန(Community centre)အစည်းအဝေးခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Feb 14,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community centre)အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က Book Club နှင့် ပူးပေါင်း၍ မောင်မင်းစိုး၏ “မအောင်မြင်ခြင်းရဲ့ ဇာတ်မြစ်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
မြောင်းမြမြို့နယ်တွင် ကြိမ်နှင့်ဝါးလက်မှုပညာ အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ မြစိမ်းရောင်တောင်တော် သာသနာ့ နယ်မြေ၌ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံကြိမ်နှင့်ဝါး လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ကြိမ်နှင့်ဝါးလက်မှုပညာ အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ အောင်မြင်သာကျေးရွာအနီးရှိ Yup (ယွပ်) Family အပန်းဖြေစခန်းနှင့် Y Garden အပန်းဖြေစခန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး
Feb 14,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ခရီးစဉ်ဒေသသစ်များနှင့် အပန်းဖြေစခန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေဖော်ဝါရီ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက မြစ်ကြီးနား မြို့နယ်အတွင်းရှိ အပန်းဖြေစခန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး
Feb 14,2024
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း ဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားဝန်ထမ်းများအား အခမဲ့ စစ်ဆေးပေးလျက်ရှိပြီး ယနေ့နံနက်(၉:၃၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင် သားသတ်လိုင်စင်(၂)ခုအား (ဈေးပြိုင်) စနစ်ဖြင့် လေလံတင်ရောင်းချ       
Feb 14,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင် သားသတ်လိုင်စင်(၂)ခုအား (ဈေးပြိုင်)စနစ်ဖြင့် လေလံတင်ရောင်းချခြင်းကို ယမန်နေ့နံနက် ၁၀နာရီ အချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။