သတင်းများ

တာလေမြို့၌ နယ်မြေဒေသလုံခြုံအေးချမ်းစေရေး ဌာနဆိုင်ရာ သတင်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ နယ်မြေဒေသလုံခြုံအေးချမ်းစေရေးအတွက် ဌာနဆိုင်ရာ သတင်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက တာလေတပ်နယ်မှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အရာတော်မြို့တွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကျင်းပ
Feb 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မျိုးဆက်သစ်မူကြိုတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ပုံပြော ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီက မျိုးဆက်သစ် မူကြိုတွင် ကျင်းပပြုလုပ်သည်။
မိုးညိုမြို့၌ (၇၇) နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ် အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်
Feb 14,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် (၇၇) နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ် အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံ
Feb 14,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းများကို ယမန်နေ့ နံနက် ၉ နာရီခန့်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေဘိုလူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ မြန်မာနိုင်ငံ က​လေးများ​နေ့ အခမ်းအနား ကျင်းပ
Feb 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြို​ကျောင်းတွင် မြန်မာနိုင်ငံ က​လေးများ​နေ့အထိမ်းအမှတ် ကဗျာရွတ်၊ ပုံပြော၊ ဆေး​ရောင်ခြယ်၊ အရုပ်​ခေါက် ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဒေးဒရဲမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲကျင်းပ
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို မြို့နယ်ပြည်သူ့အားကစားကွင်းသစ်ကြီးတွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ မွန်းလွဲ (၄)နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏ ဘက်စုံစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူး၍ မြို့နယ်အတွင်းရှိ ကလေးများ ကာယ၊ ဥာဏ ဖွံဖြိုးတိုးတက်စေရေး ရည်ရွယ်၍ မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ကာယ၊ ဥာဏ ဘက်စုံစွမ်းရည်ပြိုင်ပွဲများကို ယနေ့မန်နံနက် (၈)နာရီက အမှတ်(၃) မိခင်နှင့် ကလေးမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဉက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Feb 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဉက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်က အင်းတော်မြို့ အင်းမြသာယာ ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။