ဆိပ်ဖြူ ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးရေး အသိပညာပေးလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက ဆိပ်ဖြူမြို့ ပတ္တမြားဈေး၌ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို ဆောင်ရွက်သည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် ပြည်သူများ၌ တွေ့ကြုံခံစားရသည့် ဘေးအန္တရာယ်အမျိုးမှကင်းဝေးစေရန်နှင့် လူမှုအကျိုးပြုလုပ်ငန်းများ ကူညီဆောင်ရွက်နိုင်စေရန် သင့်(၄)သင့် လုပ်ငန်းများဖြင့် ဆောင်ရွက်လျက်ရှိပြီး ပူပြင်းခြောက်သွေ့သောရာသီသို့ ကူးပြောင်းလာသည်ဖြစ်သည့်အတွက် မီးဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေးစေရန် အသိပညာပေး ဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးအေးမင်းမောင်နှင့် မြို့မမီးသတ်စခန်းမှူး ဦးဖြိုးဝေအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ခရီးသွားပြည်သူများ၊ ဈေးရောင်း/ဈေးဝယ်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေအသိပညာပေးခဲ့ကြောင်း သိရှိရသည်။
ကိုဇွဲ(အညာမြေ)