နတ်မောက် ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်နေအိမ်ပြတိုက်တွင် ယမန်နေ့က ရပ်နီးရပ်ဝေးရှိ ပြည်သူများ လာရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်သို့ လာရောက်ကြည့်ရှုသည့် ပြည်သူများသည် နေအိမ်ပြတိုက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းငယ်စဉ်မှစကာ ကျောင်းသားဘဝ၊ နိုင်ငံရေးလှုပ်ရှားမှုအဆင့်ဆင့်နှင့်ကျဆုံးခဲ့သည့် ဈာပနအခမ်းအနားအထိ မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဆွေစဉ်မျိုးဆက်မှတ်တမ်းနှင့် အိမ်အပေါ်ထပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူရုပ်တု၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိခင်ဖြစ်သူ အိပ်ခန်း၊ မိခင်ဖြစ်သူ အသုံးပြုခဲ့သော ယက်ကန်းစင်များအား ရပ်နီးရပ်ဝေးရှိ ဧည့်သည်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လှဝင်း