သတင်းများ

မုံရွာမူလတန်းကြိုကျောင်း၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့် ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ပွဲ ကျင်းပ
Feb 14,2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး လုမှုဝန်ထမ်းဦးစီးဌာန မုံရွာမူလတန်းကြိုကျောင်း၌ မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့နယ်၌ ကျောင်းတွင်းစစ် စာမေးပွဲများစတင်ဖြေဆို
Feb 14,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းစစ် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းစာမေးပွဲများ ယမန်နေ့ နံနက် ၉ နာရီက အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ
Feb 14,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နံနက် ၁၀နာရီက ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ မြင့်မားရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခဲ့သည်။
တပ်ကုန်းမြို့နယ်အတွင်းရှိ နံနံပင်သီးနှံစိုက်တောင်သူများ နံနံဈေးကွက်ကျဆင်းသဖြင့် အမြတ်ငွေ အရင်းသာသာရရှိ
Feb 14,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပန်းမုန်လာ၊ မုန်ညှင်း၊ ပန်းဂေါ်ဖီ၊ ခရမ်း၊ ခရမ်းချဉ်၊ ဘူး၊ ဖရုံ၊ ချဉ်ပေါင်၊ နံနံပင် စသည့်မီးဖိုချောင်သုံးသီးနှံများကို ဒေသရာသီဥတုနှင့် ကိုက်ညီသော မျိုးများကိုသာ ရွေးချယ်စိုက်ပျိုးကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
မြင်းခြံမြို့၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး
Feb 14,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ခရိုင်ဆေးရုံကြီးတွင် ယမန်နေ့ကစ၍ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဗိုလ်လုပွဲနှင့် ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ ကျင်းပ
Feb 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘောလုံးဗိုလ်လုပွဲနှင့် ခရိုင်အဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ ကျပန်းစကားပြော ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ(၁၂)ရက်နေ့ ညနေ မွန်းလွဲ(၂)နာရီအချိန် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် တံတားဦးအသင်းက အောင်သာယာ (ခ)အသင်းကို ၃ဂိုး - ၂ဂိုးဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး တံခွန်စိုက် ဒိုင်းဆုနှင့် ပထမ ငွေသားဆုများကို ရရှိသွားကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် တက်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲနှင့် အတန်းတင်စာမေးပွဲများ စတင်ဖြေဆို
Feb 14,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲများနှင့် အတန်းတင်စာမေးပွဲများကို ယမန့်နေ့ နံနက်(၉)အချိန်မှ စတင်၍ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင်၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာအတန်းများအတွက် နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို
Feb 14,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအတန်းများအတွက် နှစ်ဆုံးစာမေးပွဲများကို ယမန်နေ့က စတင်၍ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ဖြေဆိုလျက်ရှိရာ ယနေ့တွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။