သတင်းများ

ရေဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ယမန်နေ့‌နေ့လယ် (၁)နာရီ အချိန် ေရဖြူမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ရွှေဖူးစာမင်္ဂလာခန်းမ၊ စတိုးဆိုင်များ၊ နေအိမ်များတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုးကောင်းမြို့၌ ၂၀၂၄ ခုနှစ်ပြည်ထောင်စုနေ့အထိမ်းအမှတ် အသက်(၂၃)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အလွတ်တန်း/အငယ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Feb 14,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိုးကောင်းမြို့၌ ၂၀၂၄ ခုနှစ် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသက်(၂၃)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အလွတ်တန်း/အငယ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖေဖော်ဝါရီ(၁၂)ရက်နေ့ နံနက်(၉)နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲပြုလုပ်
Feb 14,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများအသိပညာဗဟုသုတရရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအောက်မေ့အမှတ်ရစေရန် ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ(၁၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် တိလောကမာရဇိန် မြတ်စွာဘုရားကြီး၌ (၄၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြိုနယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်းရှိ မြို့ကျက်သရေဆောင် တိလောကမာရဇိန် မြတ်စွာဘုရားကြီး၌ (၄၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ည‌နေပိုင်းက ကျင်းပခဲ့သည်။
ကျောင်းကုန်းမြို့၌ မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ဖျော်ဖြေပွဲ ကျင်းပ
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မိခင်နှင့်က လေး စောင့်ရှောက်ရေးအသင်းက ကြီးမှုး၍ မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အေးချမ်းသာယာခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းသာမြို့ MAX စက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ချောင်းသာ-ပုသိမ် လမ်းမကြီးပေါ်ရှိ MAX စက်သုံး ဆီဆိုင်တွင် ယနေ့ နံနက် ၁၀ နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် အခန်းဆုံးစာမေးပွဲများ စတင်ဖြေဆို
Feb 14,2024
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ဖေဖော်ဝါရီ(၁၃)နံနက်(၉)နာရီက အခြခံပညာကျောင်းများတွင် အခန်းဆုံး စာမေးပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ် Community Centre ခန်းမတွင် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Feb 14,2024
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ ရွှေရောင်လွှမ်းတဲ့အခွင့်အလမ်း စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။