မြင်းခြံမြို့၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး

မြင်းခြံ   ဖေဖော်ဝါရီ   ၁၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ခရိုင်ဆေးရုံကြီးတွင် ယမန်နေ့ကစ၍ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီး (၆) လပြည့်ပြီးသည့် ကျန်းမာရေးဝန်ထမ်းများ၊ အသက် (၅၀)နှ စ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက် (၆၅)နှစ်အထက် ပြည်သူလူထု၊ အသက်(၁၈)နှစ် အထက် နာတာရှည်ရောဂါရှိသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Pfizer ကို အပိုဆောင်းအဖြစ် မြင်းခြံခရိုင်ဆေးရုံကြီးတွင် (Hospital base) အနေဖြင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြင်းခြံခရိုင်(ပြန်/ဆက်)