မုံရွာ ဖေဖော်ဝါရီ ၁၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး လုမှုဝန်ထမ်းဦးစီးဌာန မုံရွာမူလတန်းကြိုကျောင်း၌ မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ် နှင့်တာဝန်ရှိသူများ တက်ရောက်လာကြသော ရင်သွေးငယ်လေးများ၏ မိဘများက မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ရင်သွေးငယ်လေးများ၏ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲတွင် အပြေး၊ ဘောလုံးကောက်၊ အရုပ်ကောက်၊ ပူစီဖောင်းသယ်၊ ဆေးရောင်ခြယ် ပါဝင်ယှဥ်ပြိုင်မှုတို့အား ကြည့်ရှုအားပေးပြီး ပါဝင်ယှဥ်ပြိုင်သူ ကလေးငယ် စုစုပေါင်း (၁၉၄)ဦးအား ဆုလက်ဆောင်များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
ထို့နောက် နေ့လယ်ပိုင်းတွင် အဆိုပါကျောင်းခန်းမတွင် မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ပွဲကို ကျင်းပရာ အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး လုမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ မိဘများနှင့် ရင်ေသွးငယ်လေးများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲတွင် ပန်းချီ၊ သီချင်း၊ ကဗျာပြိုင်ပွဲ ယှဥ်ပြိုင်မှုတို့အား ကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက “ မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခြင်းဖြင့် ကလေးငယ်များ သည် ငယ်ရွယ်အချိန်မှစပြီး အချင်းချင်းကူညီဖေးမ၊ ပူပေါင်းဆောင်ရွက်တက်စေပြီး ပျော်ရွှင်မှုရရှိစေမည် ဖြစ်ပါတယ်။ ၎င်းအပြင်ကာယ၊ ဉာဏ ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှု၊ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာအပြင် ဘက်စုံဖွံဖြိုးတိုးတက်မှုများရရှိစေရေး အတွက် ကလေးငယ်များ၏ ဘဝတသက်တာ အခြေခံကောင်း များရရှိစေမည်ဖြစ်ပါကြောင်း ” အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လုမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ် အေးမြင့်ရီက မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းနှင့် စပ်လျဥ်းပြီး အသက်(၃)နှစ်မှ (၅)နှစ်အထိ ရင်သွေးငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှု ၊ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ ဘက်စုံဖွံ့ဖြိုး တိုးတက်မှုများ ရရှိစေရေးအတွက် စနစ်တကျ ပြုစုပျိုးထောင်ပေးရန်၊ ရင်သွေးငယ်များသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပါပြဌာန်းချက်နှင့်အညီ ဖွံဖြိုးတိုးတက်ရန်နှင့် ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရေးအတွက် ကလေးငယ်များ ပျော်ရွှင်စေရန်တို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပြီးနောက် တာဝန်ရှိသူများက မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲတွင် အပြေး၊ ဘောလုံးကောက်၊ အရုပ်ကောက်၊ ပူစီဖောင်းသယ်၊ ဆေးရောင်ခြယ်၊ ပန်းချီ၊ သီချင်း၊ ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိသူ ရင်သွေးငယ်ပေါင်း(၁၉၄)ဦးကို လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)