မြို့သစ်မြို့နယ်တွင်၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာအတန်းများအတွက် နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို

မြို့သစ် ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအတန်းများအတွက် နှစ်ဆုံးစာမေးပွဲများကို ယမန်နေ့က စတင်၍ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ဖြေဆိုလျက်ရှိရာ ယနေ့တွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် အ​ခြေခံပညာကျောင်း(၁၉၀)ကျောင်း၊ ပုဂ္ဂလိကကျောင်း(၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာ​ရေးကျောင်း(၂)ကျောင်း၊ စုစုပေါင်း(၁၉၃)ကျောင်းရှိပြီး Grade-4 တွင် စာရင်းရှိ ကျောင်းသား ကျောင်းသူ(၃၃၁၂)ဦး၊ ဖြေဆိုသူ(၃၁၉၂)ဦး၊ ပျက်ကွက်သူ(၁၂၀)ဦး၊ Grade-6 မှ Grade-8 အထိ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၅၇၃၇)ဦး၊ ​ဖြေဆိုသူ(၅၅၆၁) ဦး၊ ပျက်ကွက်သူ(၁၇၆)ဦး၊ Grade-10 မှ Grade-12 အထိ စာရင်းရှိ(၃၁၀၉)ဦး၊ ဖြေဆိုသူ (၃၀၃၆)ဦး၊ ပျက်ကွက်(၇၃)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)