(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဗိုလ်လုပွဲနှင့် ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ ကျင်းပ

မော်လိုက် ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘောလုံးဗိုလ်လုပွဲနှင့် ခရိုင်အဆင့်  ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ ကျပန်းစကားပြော ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ(၁၂)ရက်နေ့ ညနေ မွန်းလွဲ(၂)နာရီအချိန် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် တံတားဦးအသင်းက အောင်သာယာ (ခ)အသင်းကို ၃ဂိုး - ၂ဂိုးဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး တံခွန်စိုက် ဒိုင်းဆုနှင့် ပထမ ငွေသားဆုများကို ရရှိသွားကြောင်း သိရသည်။

အဆိုပါ ဆုချီးမြှင့်ပွဲတွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးလွင်က အလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် ပထမဆုရ တံတားဦး ဘောလုံးအသင်းအား တံခွန်စိုက် ဒိုင်းဆုနှင့် ငွေသားဆုများကို ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက  စာပေပြိုင်ပွဲများ၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘောပြိုင်ပွဲ  (Fitness Dance) အကပြိုင်ပွဲများတွင် ဆုရရှိသူများကို အသီးသီး ဆုများချီးမြှင့်ပေးအပ်ခဲ့ကြ သည်။

အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ (၃)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အားကစားပြိုင်ပွဲများကို ၂၀၂၄ခုနှစ် ဇန်နဝါရီ (၃၀) ရက်နေ့မှ စတင်၍ ယှဉ်ပြိုင်ခဲ့ကြကာ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဘောလုံး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲများကို ပြည်သူ့အားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။                  

ခရိုင်(ပြန်/ဆက်)