တောင်တွင်းကြီး ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲများနှင့် အတန်းတင်စာမေးပွဲများကို ယမန့်နေ့ နံနက်(၉)အချိန်မှ စတင်၍ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စာမေးပွဲဖြေဆိုရာတွင် KG၊ G-1၊ G-2၊ G-3၊ G-4အတန်း ကလေးငယ်ကျောင်းသား၊ ကျောင်းသူများကို တက်မြောက်မှုစစ်ဆေးခြင်း၊ Grade-4 မှ Grade-11အထိ မူလတန်းအဆင့် Grade-4များအား တရက်လျှင် နှစ်ဘာသာနှုန်းဖြင့် စစ်ဆေးဖြေဆိုသွားမည်ဖြစ်ပြီး အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဖေဖော်ဝါရီ ၁၃ရက်နေ့မှ ၂၀ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ကာ အခြေခံပညာကျောင်းပေါင်း (၂၅၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၃)ကျောင်းတို့တွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၄၀၃၉၀)ဦးရေ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း၊ Grade-5နှင့် Grade-9 အတန်းများအား ဖေဖော်ဝါရီ(၂၂)ရက်နေ့မှ (၂၈)ရက်နေ့အထိ သီးခြားဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)