ကန့်ဘလူ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းစစ် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းစာမေးပွဲများ ယမန်နေ့ နံနက် ၉ နာရီက အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထိုသို့ဖြေဆိုရာတွင် ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၄၀ ဦး ဝင်ရောက်ဖြေ ဆိုပြီး ပျက်ကွက်သူ ကျောင်းသား၊ ကျောင်းသူပေါင်း ၈၆ ဦးရှိကြောင်း အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာဦးထံမှ သိရသည်။
ကန့်ဘလူမြို့နယ်အတွင်း အခြေခံပညာကျောင်း ၇၄ ကျောင်း၊ ဘ/က ၁ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၇ စုစုပေါင်း ၈၂ ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)