သတင်းများ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်
Feb 15,2024
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသောလုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာရှင် အလှူရှင်ပြည်သူများလှူဒါန်းသည့် စားသောက်ဖွယ်ရာများအား ပေးအပ်ခြင်း အခမ်းအနားများကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့်  တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတို့တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
နန်းမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်ရှေးဟောင်းအဆောက်အဦများ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Feb 15,2024
မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ မန္တလေးခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်(မန္တလေးဌာနခွဲ)မှတာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက အောင်မြေသာစံမြို့နယ် နန်းမြို့အတွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်ရှိ ရှေးဟောင်းအဆောက်အဦများ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
မြင်းမူမြို့တွင် ကုလားပဲဈေးတည်ငြိမ်လျက်ရှိ
Feb 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုး ထားရှိသည့် ဆောင်းသီးနှံကုလားပဲစိုက်ခင်းများ စတင်ရိတ်သိမ်းခြွေလှေ့ရောင်းချလျက်ရှိရာ စတင်ရောင်းချသည့် ဇန်နဝါရီလကုန်မှစ၍ ယခုဖေဖော်ဝါရီလဝက်ကုန်သည်အထိ ဝယ်ဈေး တည်ငြိမ်လျက်ရှိကြောင်း သိရသည်။
ဖျာပုံမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာ
Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးပုံအား သရုပ်ပြခြင်း ဆောင်ရွက်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့ စမ်းသပ်မဲပေး လေ့လာခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် သီရိအဏ္ဏဝါခန်းမ၌ ကျင်းပခဲ့ သည်။
မန်းရွှေစက်တော်ဘုရား ၂၅၉၀ ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယ ဘုရားပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 15,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ၂၅၉၀ ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယ ဘုရားပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းဖွင့်လှစ်ခြင်း (၅)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
မအူပင်မြို့၏ ကျက်သရေဆောင် ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်အသစ် ပြန်လည်တင်လှူပူဇော်နိုင်ရန် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲကျင်းပ
Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေဘုန်းမြင့် စေတီတော်မြတ်ကြီး၏ စိန်ဖူးဝောာ်၊ ငှက်မြတ်နားတော်နှင့် ထီးတော်အသစ်ပြန်လည်တင်လှူ ပူဇော်နိုင်ရန်အတွက် နိုင်ငံတော်ဩဝါဒစရိယဘဒ္ဒန္တဉာဏဒီပ သိုက်ကုန်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ ကို ယနေ့ နံနက် (၉)နာရီအချိန်က အဆိုပါဘုရားကြီး တန်းဆောင်းတော်အတွင်း ကျင်းပပြုလုပ်သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်၊ (ထားဝယ်/မြိတ်/ကော့သောင်း)ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ (၂၄)နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးတက်ရောက်
Feb 15,2024
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ခန်းမတွင် ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်၊ (ထားဝယ်/မြိတ်/ကော့သောင်း) ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏  (၂၄)နှစ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။