သတင်းများ

မိုင်းခုတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးသရုပ်ပြပွဲကျင်းပ
Feb 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မီးသတ်ဦးစီးဌာနမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးသရုပ်ပြပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၀၁:၃၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခန်းဆုံး တတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲ တတိယနေ့အေးချမ်းစွာဖြေဆို
Feb 16,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခန်းဆုံး တတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲ  ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှ(၂၀)ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ပြီး တတိယနေ့ သင်္ချာဘာသာရပ်ကို ယနေ့နံနက်(၉) နာရီအချိန်က  သံတောင်ကြီးမြို့  အခြေခံပညာအထက်တန်းကျောင်းတွင် Grade – 4 ၊ Grade – 6၊ Grade – 7၊ Grade – 8၊ Grade – 10၊ Grade – 11 ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ဂုဏ်ပြုထောက်ပံ့ပေးအပ်
Feb 16,2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးမြို့၊ ဈေးသူ/ ဈေးသားများက စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ပွဲအခမ်းအနားအား ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပဲခူးမြို့အတွင်းရှိ ဈေးသူ/ ဈေးသားများ တက်ရောက်ခဲ့သည်။
တပ်ကုန်းမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး အသိပညာပေးဟောပြောပွဲကျင်းပ
Feb 16,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာတွင် ရွှေမြို့နယ်မြေ ရဲစခန်းမှ ဦးဆောင်ကျင်းပသည့် ရပ်ရွာအေးချမ်းသာယာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့သည်။
ဟုမ္မလင်းမြို့ ၌တောခေါင်း/တောကြပ်များ၏ လုပ်ငန်းခွင်အကြိုသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကျင်းပ
Feb 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာမှဝန်ထမ်းသစ် များအား တောခေါင်း/တောကြပ်များ၏ လုပ်ငန်းခွင်အကြို သင်တန်းအမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲကို ဖေဖော်ဝါရီ (၁၅)ရက်နေ့၊ နံနက်(၉)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ်သစ်တော ဦးစီးဌာနရုံးတွင် ဖွင့်ပွဲကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
ကလေးမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများကို  စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Feb 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီကို  ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့ကနံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ရောင်းချပေး ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ကျေးရွာဒေသဖွံ့ဖြိုးတိုးတက်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ကျေးရွာဒေသများအရောက် ကွင်းဆင်း၍ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက သကြားဟင်းအိုးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတိုက်တွင် မြို့နယ်ဌာန ဆိုင်ရာများနှင့် ဒေသခံပြည်သူများ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့ရုံးတွင် Book Club ၊ Youth Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းပြုလုပ်
Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ရုံးတွင် ယနေ့နံနက်(၁၀)နာရီက Book Club ၊ Youth Club အဖွဲဝင်များနှင့် စာဖတ်ဝိုင်းကိုပြုလုပ်ရာ အဖွဲ့ဝင်များမှ"ခင်စောတင့်" ရေးသားသော၊"ကောင်းကျိုးတည်ရန်မျှော်လင့်သည်"စာအုပ်ဖြင့်စာဖတ်ဝိုင်းကိုပြုလုပ်ခဲ့သည်။