သတင်းများ

ချောင်းသာမြို့ ရွှေသာယာမြို့မစျေးကြီး၌ မီးဘေးကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများအား လိုက်လံစစ်ဆေး
Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့မီးသတ်ဦးစီးဌာနအနေဖြင့်  ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ကာကွယ် ဆောင်ရွက်နိုင်ရန်အတွက် မီးဘေးကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက် ၁၀ နာရီက ‌ရွှေသာယာမြို့မစျေးကြီးတွင် မီးဘေးကာကွယ်ရေး ပြင်ဆင်ထားရှိမှုများကို တာဝန်ရှိသူများအဖွဲ့က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ငပုတောမြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နေကြာစိုက်ခင်း အောင်မြင်ဖြစ် ထွန်းနေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား စေရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူ နှင့် မြို့နယ်စိုက်ပျိုးရေးဦးမှူး ဦးထွန်မျိုးသန့်နှင့် စိုက်တိုးမြှင့် အဖွဲ့ဝင်များသည် ယမန်နေ့ ညနေပိုင်းက ငပုတောမြို့နယ်လိပ်ချောင်းကျေးရွာအုပ်စု တောင်သူ ဒေါ်မြင့်မြင့်အေး၏ လယ်မြေတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ပျိုးထားသည့် Super sun- 41 နေကြာစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုသည်။
ကျွန်းလှ၌ (၂၆) ကြိမ်မြောက် ပဋ္ဌာန်းအောင်ပွဲ အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Feb 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်၊ ဝေရိက္ခယ သီလရှင်စာသင်တိုက်၌ ယနေ့နံနက် ၉ နာရီက ပဋ္ဌာန်းအောင်ပွဲ အထိမ်းအမှတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပကြောင်းသိရသည်။
မိတ္ထီလာမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ကြားနိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Feb 15,2024
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ပညာသင်ကြားနိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်က အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မုံရွာတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (ပထမပညာသင်ကာလ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Feb 15,2024
တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးဆိုးကျိုးများကို သိရှိရှောင်ရှားစေရန်၊ မူးယစ်ဆေးဝါး ကင်းစင်သော တက္ကသိုလ်များဖြစ်လာစေရန် နှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သော မူဝါဒများ ချမှတ်၍ ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့အတွက် ရည်ရွယ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (ပထမပညာသင်ကာလ)မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မုံရွာတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ရာ မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာသန်းသန်းဝင်း၊ ဒေါက်တာခင်နွဲ့အေး၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၃၀၀) ဦးကျော် တက်ရောက်ခဲ့ကြသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကူမဲမြို့အဝင် ဘီးကောက်လိုင်စင်အား စျေးပြိုင်စနစ်ဖြင့် အိတ်ဖွင့်လေလံရောင်းချ‌ပေး
Feb 15,2024
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အခြားအခွင့်အရေးလိုင်စင် (ကူမဲမြို့အဝင်ဘီးကောက်လိုင်စင်) အား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ စျေးပြိုင်စနစ်ဖြင့် (ပထမအကြိမ်) အိတ်ဖွင့်လေလံ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်တက္ကသိုလ်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေး ဟောပြောပွဲ ကျင်းပ
Feb 15,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာအုပ်စု၊ ကျောက်ဆည်တက္ကသိုလ်၌  မူးယစ်ဆေးဝါးအန္တရယ် တားဆီးကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန်က အဆိုပါ တက္ကသိုလ်ရှိ THEATRE ခန်းမ၌ ကျင်းပရာ ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရွှေဦး၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အတွင်း‌ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်၊ အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ် စောနိုင်ထွေး၊ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ရီရီဦးနှင့် ဒုတိယပါမောက္ခများ၊ပါမောက္ခများ၊  မော်ကွန်းထိန်းများ၊ကထိကဌာနမှူးများ၊ ‌နေ့သင်တန်းသား/သူများ စုစုပေါင်းလူဦးရေ (၃၅၀) ဦးခန့် တက်ရောက်ကြ‌ကြောင်း သိရသည်။
လယ်ဝေးမြိုနယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Feb 15,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြိုနယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။