သတင်းများ

ရွှေဘိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ
Feb 15,2024
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ တိုင်း​ဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ​ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးတိုးတက်ရေး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်‌ရေး လူငယ်လူရွယ် များ၏ အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေးနှင့် ပညာရှင်များ ထွန်းကားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းချိန် ​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။ ​
မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Feb 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက မယ်ဆွမ်တောင်ကျေးရွာအုပ်စု၊ ဝိန်းလိတ်ကျေးရွာခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းနှင့် ဒေသခံ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်
Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ နတ်​​မော်ကျေးရွာအုပ်စု၊ နတ်မော်ကျေးရွာ ဓမ္မာရုံ၌ ဟင်္သာတမြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းနှင့် ဒေသခံ ပြည်သူများတွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ( ၉ ) နာရီခွဲ အချိန်က အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရေဦးမြို့တွင် ငါးနှစ်အောက်ကလေးငယ်များအား သံချဆေးတိုက်ကျွေး
Feb 15,2024
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်တွင်းရှိ အသက် ၅ နှစ်အောက် ကလေးငယ်များအား သံချဆေးတိုက်ကျွေးခြင်းအစီအစဉ်ကို ယမန်နေ့ နံနက် ၉ နာရီက ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ သံဃာ့ဆေးရုံဟောင်းတွင် ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Feb 15,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကမ်းနားလမ်းရှိ We Love Myitkyina ဆိုင်းဘုတ်အနီး ကမ်းနားလမ်းတစ်လျှောက် အမှိုက်များကင်းစင်ကာ သန့်ရှင်းသာယာလှပစေရေး ယမန်နေ့ နံနက် ၇ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း/အမှုထမ်းများနှင့် အတူ အမှိုက်များ ကောက်ယူခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
မြန်အောင်မြို့နယ်ကနောင်မြို့ ကနောင်စျေးအတွင်း မီးဘေးလုံခြုံရေးနှင့်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်
Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ကနောင်မြို့ ကနောင်စျေးအတွင်း မီးဘေးလုံခြုံရေးနှင့်ကာကွယ်ရေးစစ်ဆေးအသိပညာ ပေးခြင်းများကို ယမန်နေ့က ကနောင်မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး
Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ မြို့နယ်အတွင်းရှိ ပြည်သူများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဝါးတောစွန်းကျေးရွာအုပ်စု ကြောင်သျှာကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ်(၇/၂၀၂၄)ဖွင့်ပွဲအခမ်းအနားတက်ရောက်
Feb 15,2024
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၇/၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။