သတင်းများ

မိုးညိုမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူအသင်းအဖွဲ့များပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ အမျိုးသမီးအသင်း(Women Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)တို့ပူးပေါင်း၍ စာရေးဆရာဒေါက်တာကျော်စိန်ရေးသားသည့် "လူငယ်လမ်းညွှန်"စာအုပ်ဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ(၂)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုရန်ပုံငွေဖြင့်  စိုက်ပျိုးထားသည့် သင်ပုတ်ကျေးရွာမှ ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုရန်ပုံငွေများဖြင့် စိုက်ပျိုးထားသည့် သင်ပုတ်ကျေးရွာမှ ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အလုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်
Feb 16,2024
၂၀၂၄ ခုနှစ်အတွင်း ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ လုံခြုံမှုရှိစေပြီး မီးလောင်မှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဖိုးများ လျော့နည်းကျဆင်းစေရန်အတွက်ရည်ရွယ်ကာ အလုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၈ နာရီ  ကွင်းဆင်းဆောင်ရွက်ကြောင်းသိရသည်။
ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
Feb 16,2024
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဖေဖော်ဝါရီလ (၁၄) ရက်နေ့၊ နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်သည်။
ပုံပါကျင်မြို့ လူထုအ‌ခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Feb 16,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ၀န်ထမ်းများသည် စာဖတ်ဝိုင်းမှတစ်ဆင့် ဘ၀အထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ်ကောင်းများရရှိရန်ရည်ရွယ်၍ အရှင်စန္ဒိမာ (ရွှေဂန္ထ၀င်) ရေးသားသည့် ''အောင်မြင်သောဘ၀ကို ပုံဖော်ခြင်း'' စာအုပ်ကို ယမန်နေ့ နံနက် (၉) နာရီက ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်သည်။
သနပ်ပင်မြို့နယ်၌ နယ်လှည့်‌ဆေးကုသခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ပဲခူးတိုင်းကျန်းမာရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများ နယ်လှည့်ဆေးကုသခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြလုပ်ခဲ့သည်။
ဘားအံ-မော်လမြိုင်၊ ကရင်နှစ်ခြင်းခရစ်ယာန် ကျမ်းစာသင်ကျောင်း၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ကျောင်းဆင်းပွဲအခမ်းအနား ကျင်းပ
Feb 16,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘားအံ-မော်လမြိုင် ကရင်နှစ်ခြင်းခရစ်ယာန် ကျမ်းစာသင်ကျောင်း၌ ၂၀၂၃-၂၀၂၄  ပညာသင်နှစ်၊  ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ကျောင်းဆင်းပွဲ  အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ရွှေပြည်သာမြို့နယ်၌ မြေလျော်ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပ
Feb 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ရွှေပြည်သာမြို့နယ် အမှတ် (၁၁) ရပ်ကွက်ရှိ (ကျုချောင်) သုသာန်‌မြေအဖြစ် အသုံးပြုရာတွင် ပါဝင်သော မြေများလျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။