သတင်းများ

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ ကွင်းဆင်းစစ်ဆေး
Feb 23,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်၊ MSME လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ‌ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်က ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများလိုက်ပါလျက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ ဆွေးနွေးပွဲများကို ချမ်အေးသာစံမြို့နယ်တွင် ရပ်ကွက်များအထိ ကွင်းဆင်းဆောင်ရွက်
Feb 23,2024
ချမ်းအေးသာစံမြို့နယ်အတွင်း ပြည်သူများ ပြည်သူ့စစ်မှုထမ်း ဥပဒေအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲများကို ရပ်ကွက်များအထိ ကွင်းဆင်းကာ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ (၂၁)ရက် နံနက်(၁၀) နာရီတွင် သီရိဟေမာအရှေ့ရပ်ကွက်၊ ၈၉ လမ်း၊ ၂၇×၂၈  လမ်းကြားရှိ မဟယလောကရံသီ အိမ်တော်ရာစေတီတော်၊ (၁၄)ခန်းဓမ္မာရုံတွင်လည်းကောင်း မွန်းလွဲ(၂)နာရီတွင် ၃၁လမ်း၊ ၈၅×၈၆ လမ်းကြားရှိ စင်္ကြာသီဟ ဘုရားဝင်းအတွင်းရှိ ဗုဒ္ဓဂုဏ်ရည် ဓမ္မာရုံတွင်လည်းကောင်း  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ပံ့ပိုးကူညီဆောင်ရွက်ပေး
Feb 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမအုပ်ချုပ်‌ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှု‌ရေးအသင်းအဖွဲ့များနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်း၊ အာဟာရများ တိုက်ကျွေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက် ၇ နာရီခွဲ အချိန်က စတင်၍ မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ ပံ့ပိုးကူညီစောင့်ရှောက်မှုများ‌ ဆောင်ရွက် ပေးလျက်ရှိသည်။
ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ထောက်ပံ့ပစ္စည်များ ပေးအပ်ပွဲ ကျင်းပ
Feb 23,2024
 အမရပူရခရိုင်၊ အမရပူရမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းအတွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များအား ထောက်ပံ့ပစ္စည်များ ပေးအပ်ပွဲကို ပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ်ရှိ တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပပြုလုပ်ရန် ပြင်ဆင်နေမှုအခြေအနေများအား လာရောက်ကြည့်ရှု
Feb 23,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ကန်ကြီးထောင့် မြို့နယ်၊ ဝါးဒူးကျေးရွာရှိ တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပပြုလုပ်ရန် ပြင်ဆင်နေမှုအခြေအနေများအား ယနေ့နံနက်(၉)နာရီ(၁၅)မိနစ်အချိန်က လာရောက် ကြည့်ရှုခဲ့ကြသည်။
ကျောက်ဆည်ခရိုင်တွင် မိုးပဲတီစိမ်း (၄၄၇၆၅) ဧကနှင့် ဆောင်းပဲတီစိမ်း (၃၄၅၆) ဧက  စုစုပေါင်း (၄၈၂၂၁) ဧက စိုက်ပျိုး
Feb 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ပဲမျိုးစုံလျာထားစိုက်ပျိုးလျက်ရှိရာ မိုးရာသီး၌ ပဲတီစိမ်း (၄၄၇၆၅) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဆောင်းရာသီ၌ (၃၄၅၆) ဧက စုစုပေါင်း (၄၈၂၂၁) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား (အခမဲ့) ကျန်းမာရေး စောင့်ရှောက်‌ပေးခြင်းများနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Feb 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား (အခမဲ့) ကျန်းမာရေး စောင့်ရှောက်‌ပေးခြင်းများနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက် (၇) နာရီအချိန်က ကန်ကြီးထောင့်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်‌ပေးခဲ့ကြသည်။
ပျော်ဘွယ်မြို့နယ်တွင် စာစစ်ဌာနများနှင့် စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးစစ်ဆေး
Feb 23,2024
ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများ၊ စက်သုံးဆီ အရောင်းဆိုင်များ မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၈ နာရီမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။