သတင်းများ

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ငရုတ်သီးနှံ ၁၁၈၅ ဧက သိမ်းဆည်းပြီးစီး
Feb 23,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာ၌ ဒေသခံတောင်သူများက ငရုတ်သီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၁၂၈၅ ဧက စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ယနေ့အထိ ငရုတ်သီးနှံစိုက်ဧက ၁၁၈၅ ဧက ပြန်လည်ဆွတ်ခူးသိမ်းဆည်းပြီးစီးပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ရှာဖွေကယ်ဆယ်ရေး မွမ်းမံသင်တန်း ဖွင့်လှစ်သင်ကြား
Feb 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးက ကြီးမှူး၍ ပြုလုပ်သည့် ရှာဖွေကယ်ဆယ်ရေး မွမ်းမံသင်တန်း အမှတ်စဥ် (၁/၂၀၂၄) ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က အဆိုပါရုံးတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Feb 23,2024
မြစ်သားမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် အသေးစားစက်မှု၊လက်မှုလုပ်ငန်း ဦးစီးဌာနနှင့် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် ဈေးသာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကွင်းဆင်း စစ်ဆေး
Feb 23,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဈေးသာကျေးရွာအုပ်စု၊ ဈေးသာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေအား ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ မေမြို့ပန်းစိုက်တောင်သူများ ကိုယ်တိုင်ဈေးကွက်ရှာဖွေရောင်းချမှုကြောင့် အမြတ်အစွန်းရရှိ
Feb 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် တောင်သူအချို့ မြေအောက်ရေအသုံးပြု၍ ဆောင်းသီးနှံဖြစ် ပန်းဂေါ်ဖီထုပ်၊ ပန်းမုန်လာပွင့်၊ နံနံပင်၊ ခရမ်း၊ ခရမ်းချဉ်၊ မေမြို့ပန်းများ စိုက်ပျိုးလျက်ရှိရာ မေမြို့ပန်းစိုက်ပျိုးတောင်သူများကိုယ်တိုင် ဈေးကွက်ရှာဖွေရောင်းချမှုကြောင့် အမြတ်အစွန်းရရှိကြောင်း ကွင်းအမှတ် ၁၃၁၆ ကွင်း၊ မေမြို့ပန်းစိုက်ပျိုးသည့် တောင်သူထံမှ သိရသည်။
တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Feb 23,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများထံ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး
Feb 23,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
မင်းဘူးမြို့၌ တပို့တွဲလ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ
Feb 23,2024
မင်းဘူး ဖေဖော်ဝါရီ ၂၃ မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များအနက် တပို့တွဲလ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ပြည်သူ့ပန်းခြံရှေ့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။