သတင်းများ

ဥတ္တရသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကျင်းပ
Feb 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မင်းကုန်းကျေးရွာအုပ်စု ကျွဲရှင်းကျေးရွာဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
Feb 23,2024
ကချင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုး‌ဆွေနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယမန်နေ့နံနက် (၁၀) နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
မိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်စေရန် အသိပညာ‌ပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 23,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး သိကောင်းစရာများပါဝင်သော အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့မစျေးနှင့် မြို့ပေါ်ဈေးဆိုင်များတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နည်းပညာတက္ကသိုလ်(မကွေး) ထမနဲထိုးပြိုင်ပွဲ ကျင်းပနေမှုအား ကြည့်ရှုအားပေးပြီး ၂၄၀ ဦးဆံ့ အမျိုးသမီးသုံးထပ်အိပ်ဆောင် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှု
Feb 23,2024
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၉ နာရီက နည်းပညာတက္ကသိုလ်(မကွေး) ထမနဲထိုးပြိုင်ပွဲ ကျင်းပနေမှုအား ကြည့်ရှုအားပေးပြီး အမျိုးသမီး သုံးထပ်အိပ်ဆောင် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
သာပေါင်းမြို့နယ်တွင် မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံးခဲ့ရသည့် မီးဘေးသင့် မိသားစုများအား ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်
Feb 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတတ် ကျေးရွာအုပ်စု၊ ဒိုးစမ်းကုန်း ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ မွန်းလွဲ (၂)နာရီခွဲအချိန်က ပေါ့ဆ မီးကြွင်း၊ မီးကျန်ကြောင့် မီးလောင်ကျွမ်း နေအိမ်(၁)လုံး မီး‌ဘေးသင့် ပျက်စီးခဲ့ရသည့် မိသားစုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
Feb 23,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဦးမင်းဒင်ကျေးရွာ ဦးမင်းဒင်ဓမ္မာရုံ၌ ကျင်းပခဲ့ရာ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦး၊ အဖွဲ့ဝင်(၃) ဦးရဲဇင်လတ်၊ အတွင်းရေးမှူး ရဲမှူးကြီး ကျော်ကျော်ညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမောင်မောင်သန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝေဖြိုးနိုင်၊ အဖွဲ့ဝင်(၃) ဦးသန်းထွန်းအောင်၊ အတွင်းရေးမှူး ရဲမှူးမြင့်အောင်၊ တောင်သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ ပြည်သူများတက်ရောက်ခဲ့ကြသည်။
ညောင်ဦးမြို့၌ MSME လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေး
Feb 23,2024
MSME လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေး အသိပညာပေးခြင်းနှင့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ပါရှိရေး အသိပညာပေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၃ နာရီက ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။