သတင်းများ

မြို့သစ်မြို့နယ်တွင် လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေများပေးအပ်
Feb 23,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျေးရွာများသို့ ရန်ပုံငွေ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ​ပြုလု​ပ်သည်။
မော်လမြိုင်ကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေး
Feb 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နံနက်ပိုင်းကစ၍ မြန်မာစီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ် ရုံးရပ်ကွက်မြောက်ပိုင်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Feb 23,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ရုံးရပ်ကွက်‌မြောက်ပိုင်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက ရပ်ကွက်ဓမ္မာရုံတွင် ကျင်းပသည်။
မိုင်းယောင်းမြို့နယ်တွင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်သည့် ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း
Feb 23,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ယနေ့နံနက် ၅ နာရီခွဲက ပေါ်တော်မူဗုဒ္ဓရုပ်ပွားတော်များ တည်ထားကိုးကွယ်ရာဖြစ်သော ရှေးဟောင်းသမိုင်းဝင် ပုဗ္ဗဝိဇယဆုတောင်းပြည့်စေတီတော်မြတ်ကြီးတွင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်သည့် ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်တွင် ဆိုရှယ်မီဒီယာပေါ်က သတင်းတု၊ သတင်းမှားတင်ခြင်းနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 23,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း မိဘပြည်သူများ အွန်လိုင်းမီဒီယာနှင့်ပတ်သက်သည့် အသိပညာများ တိုးပွားစေရန်၊ သတင်းတု၊ သတင်းမှား လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ဆိုရှယ်မီဒီယာပေါ်က သတင်းတု၊ သတင်းမှားတင်ခြင်းနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေး
Feb 23,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို  ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် Grade-5 နှင့် Grade-9 သင်ရိုးသစ်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိ
Feb 23,2024
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် ၂၀၂၃- ၂၀၂၄  ပညာသင်နှစ် (Grade-5)နှင့်(Grade-9) သင်ရိုးသစ်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့ နံနက် ၉ အချိန်သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများ တွင် စတင်ဖြေဆိုလျက်ရှိသည်။
ကန့်ဘလူမြို့၌ သုတပဒေသာနှင့်လူငယ်ရေးရာစာစောင် စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Feb 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာစောင် အတွဲ(၅၀)၊ အမှတ်(၁၂)မှ ကိုကျော်စွာ (ကျိုက်ပိ) ရေးသားသည့် လူငယ်နှင့် အောင်မြင်မှုနည်းလမ်းများ ဆောင်းပါးပါ အကြောင်းအရာများ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ဝန်ထမ်းများဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။