အထက်မင်းလှ ဖေဖော်ဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ရုံးရပ်ကွက်မြောက်ပိုင်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက ရပ်ကွက်ဓမ္မာရုံတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမြတ်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူး စိုးခိုင် ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးအောင်သူမြင့်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းစနစ်ကျင့်သုံးရသည့် ရည်ရွယ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ အကျိုးခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် အသက်အရွယ်နှင့် စစ်မှုထမ်းရမည့်ကာလ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်လာသည့်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)