မိုင်းယောင်းမြို့နယ်တွင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်သည့် ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း

မိုင်းယောင်း  ဖေဖော်ဝါရီ  ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ယနေ့နံနက် ၅ နာရီခွဲက ပေါ်တော်မူဗုဒ္ဓရုပ်ပွားတော်များ တည်ထားကိုးကွယ်ရာဖြစ်သော ရှေးဟောင်းသမိုင်းဝင် ပုဗ္ဗဝိဇယဆုတောင်းပြည့်စေတီတော်မြတ်ကြီးတွင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်သည့် ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြောင်း သိရသည်။

ယင်းသို့ဆက်ကပ်လှူဒါန်းရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့်အတူ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များက အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်သည့် ဆရာတော်၊ သံဃာတော်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)