မုံရွာမြို့တွင် အသက်(၅၀)နှစ်အထက် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Pfizer COVID Vaccine ထပ်ဆောင်းထိုးနှံပြီးစီး
Feb 23,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ အနီးကပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ပြီး ခရိုင်၊ မြို့နယ်အဆင့် ကျန်းမာရေးဝန်ထမ်းများသည် မုံရွာမြို့နယ်အတွင်းရှိ အသက်(၅၀)နှစ်အထက်ပြည်သူများအား နေ့စဥ်နံနက်(၁၀)နာရီမှ စတင်၍ မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးကုတင်-၅၀၀ တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Pfizer COVID Vaccine ထပ်ဆောင်း ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ စတင်ထိုးနှံချိန်မှ ယနေ့အထိ လူဦးရေ ၄,၅၀၈ ဦးထိုးနှံပေးပြီးဖြစ်ကြောင်း အဆိုပါဆေးထိုးနှံမှု လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။