မော်လမြိုင်ကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေး

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၂၃  

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နံနက်ပိုင်းကစ၍  မြန်မာစီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အငြိမ်းစားဝန်ထမ်း (၁၇၅၀)ဦးရှိပြီး  ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ စတင်ပြီး (၂၉) ရက်နေ့အထိ  နံနက် (၇)နာရီမှ နေ့လယ် (၂) နာရီထိ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိသည်။

အငြိမ်းစား အသက်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ၏ ပင်စင်လစာများကို ကိုယ်စားလှယ်လွှဲစာဖြင့် မိသားစုဝင်များအား အဆင်ပြေစွာ ထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသော အငြိမ်းစားဝန်ထမ်းများကို လစဉ် လဆန်းရက်အတွင်း ဘဏ်လုပ်ငန်း ဆောင်ရွက်ချိန်တွင် ပင်စင်လစာများကို ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း မြန့်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)