မောင်တော ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် (Grade-5)နှင့်(Grade-9) သင်ရိုးသစ်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့ နံနက် ၉ အချိန်သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများ တွင် စတင်ဖြေဆိုလျက်ရှိသည်။
မောင်တောမြို့နယ်အနေဖြင့် Grade-5 နှင့် Grade-9 သင်ရိုးသစ်စာမေးပွဲကို စာစစ်ဌာန ၅၅ ခုဖွင့်လှစ်ကာ တစ်ရက်လျှင် တစ်ဘာသာဖြင့် သက်ဆိုင်ရာကျောင်းများတွင် အသီးသီး စစ်ဆေးလျက်ရှိရာ ယနေ့တွင် အင်္ဂလိပ်စာ ဘာသာရပ်ကို ကျောင်သား၊ ကျောင်းသူများက တည်ငြိမ်အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီး ခရိုင်/မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ တာဝန်ကျဆရာဆရာမများက အနီးကပ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
အဆိုပါ Grade-5 နှင့် Grade-9 သင်ရိုးသစ် စာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မောင်တောမြို့နယ်အနေဖြင့် Grade-5 အတန်းတွင် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/သူ ၂၁၄၀ ဦးနှင့် Grade-9 သင်ရိုးသစ်တွင် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/သူ ၁၁၃၉ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)