ကန့်ဘလူမြို့၌ သုတပဒေသာနှင့်လူငယ်ရေးရာစာစောင် စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ကန့်ဘလူ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာစောင် အတွဲ(၅၀)၊ အမှတ်(၁၂)မှ ကိုကျော်စွာ (ကျိုက်ပိ) ရေးသားသည့် လူငယ်နှင့် အောင်မြင်မှုနည်းလမ်းများ ဆောင်းပါးပါ အကြောင်းအရာများ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ဝန်ထမ်းများဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကိုကျော်စွာ (ကျိုက်ပိ) ရေးသားသော လူငယ်နှင့် အောင်မြင်မှုနည်းလမ်းများ ဆောင်းပါးပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသည့် ဝန်ထမ်းများက ဆောင်းပါးပါ အကြောင်းအရာများအလိုက် မိမိတို့၏ အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး စာဖတ်ဝိုင်းများအပြင် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ (Talk Show) များကို လစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ပြန်/ဆက်)